ယမန်နေ့ (ဧပြီ ၂၃ ရက်နေ့) ညနေပိုင်းမှာ ကရင်နီပြည်၊ လွိုင်ကော်မြို့အတွင်းက သိရိမင်္ဂလာတောင်စျေးမှာ အလုပ်လုပ်နေတဲ့ ဝရိန် အလုပ်သမား ၁ ဦး ဓါတ်လိုက်ပြီး သေဆုံးသွားကြောင်း သိရပါတယ်။ အဆိုပါသေဆုံးသူ အမျိုးသားဟာ အလုပ်လုပ်စဉ် အသုံးပြုရမယ့် အကာကွယ်ပစ္စည်းတွေမပါဘဲ အလုပ်လုပ်နေစဉ်မှာ ဓါတ်လိုက်သေဆုံးတာ ဖြစ်နိုင်တယ်လို့လည်း သိရပါသည်။



