မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိတဲ့ လတ်ဆတ်သရက်သီးတွေနဲ့ သရက်သီးခြောက်တွေကို ရုရှားစီးပွားရေးလုပ်ငန်းရှင်များက ဝယ်ယူလိုတယ်လို့ ကမ်းလှမ်းကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိတဲ့ စိန်တစ်လုံးသရက်သီးအမျိုးအစားကို ဝယ်ယူဖို့ စိတ်ဝင် စားတယ်လို့လည်း သရက်သီးစိုက်ပျိုးထုတ်လုပ်သူတွေထံက သိရပါတယ်။



