မြန်မာနိုင်ငံကူးလက်မှတ်ရုံးတွေမှာ တစ်လနီးပါးကြာတဲ့အထိ QR Code တင်ခွင့်မရသေးဘူးလို့ ဝန်ဆောင်မှုပေးနေသူတွေက ပြောပါတယ်။ မတ်လ၂၈ရက်က အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် တာဝါတိုင်တွေ ပျက်ဆီးခဲ့တယ်ဆိုပြီး QR Code ထုတ်ပေးတာတွေ ရပ်တန့်နေတာ ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့် QR code ရက်ချိန်း ယူမရပေမယ့် ကျန်းမာရေး၊ပညာရေးစတဲ့ အရေးပေါ် ကိစ္စရှိသူတွေ အတွက် Green Channel အစီစဉ်နဲ့ ဆောင်ရွက်ပေးနေတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာတချို့ကို ဖြေကြားထားပါတယ်။



