နိုင်ငံတစ်ဝှမ်းတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရန် အရန်ဆီများကို နှစ်ပတ်စာခန့် သိုလှောင်ထားပြီဖြစ်ပြီးငလျင်ဘေးသင့်ဒေသများတွင်လည်း စက်သုံးဆီဖြန့်ဖြူးမှု ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း အသိပေးထားသည်။မန္တလေးငလျင်ကြီးပြီးနောက် ပျက်စီးချိုယွင်းခဲ့သည့် စက်သုံးဆီအရောင်းဆိုင်အချို့ကိုလည်း အမြန်ပြန်လည်ပြင်ဆင်ပြီး စက်သုံးဆီများကိုဖြန့်ဖြူးရောင်းချနိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။



