သင်္ကြန်ကာလနောက်ပိုင်းကစပြီး မန္တလေးမြို့မှာ နေ့အပူချိန် သိသိသာသာ မြင့်တက်ခဲ့တဲ့အတွက် လမ်းမပေါ်နဲ့ ကွင်းပြင်တွေထဲ ယာယီနေထိုင်နေရတဲ့ သောင်းနဲ့ချီတဲ့ ငလျင်ဘေးသင့်သူတွေဟာ အပူဒဏ်ကြောင့် ဒုက္ခရောက်နေရတာ ဖြစ်ပါတယ်။လက်ရှိ မန္တလေးမြို့ရဲ့ နေ့အပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ်အထိ ရှိနေပြီး ညပိုင်းမှာ ၃၀ ဒီဂရီစင်တီဂရိတ်အထိ ရှိနေတာပဲ ဖြစ်ပါတယ်။လက်ရှိအချိန်မှာ အပူဒဏ်ကြောင့် ကျန်းမာရေး ဆိုးဆိုးရွားရွား ထိခိုက်မှု မရှိသေးပေမဲ့ သောက်သုံးရေ ရရှိမှု အခက်အခဲကြောင့် လာမယ့် ရက်သတ္တပတ်အတွင်း အခြေအနေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။



