စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ယနေ့နံနက် (၉)နာရီအချိန်က မြို့အဆင့်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ (Expaier Date)သက်တမ်းလွန်စားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ထိုသို့ဆောင်ရွက်ရာတွင် ထန်ပါခွေမြို့၌ အများပြည်သူလူထုများ ကျန်းမာသန်စွမ်းပြီး၊ ရောဂါဘယကင်းဝေးနိုင်စေရန် ရည်ရွယ်ကာ မြို့ပေါ်ရပ်ကွက်ရှိ စျေးအရောင်းဆိုင်များအား ဆေးဝါးများနှင့်စား သောက်ကုန် ပစ္စည်းများအား(Expire Date) သက်တမ်းလွန် ရောင်းချမှုရှိ၊ မရှိနှင့် ကုန်ပစ္စည်းအညွှန်းအမှတ်တံဆိပ် ပါ/ မပါ စစ်ဆေးကာ အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။



