back

ထူးခြားမြစ်ရေ မြင့်တက်ခဲ့သည့် ဧရာဝတီမြစ်

Apr 24 • 12:12 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ထူးခြားမြစ်ရေ မြင့်တက်ခဲ့သည့် ဧရာဝတီမြစ်

ဧရာဝတီမြစ်ရေသည် ယနေ့ ဧပြီ ၂၄ ရက်နေ့ (၁၂)နာရီခွဲအချိန် တိုင်းထွာချက်အရ မြစ်ကြီးနားမြို့တွင် (၄၈၈) စင်တီမီတာသိုရောက်ရှိခဲ့ကာ (၁)ရက်အတွင်း (၇)ပေခွဲခန့်မြင့်တက်ခဲ့သ...

ဧရာဝတီမြစ်ရေသည် ယနေ့ ဧပြီ ၂၄ ရက်နေ့ (၁၂)နာရီခွဲအချိန် တိုင်းထွာချက်အရ မြစ်ကြီးနားမြို့တွင် (၄၈၈) စင်တီမီတာသိုရောက်ရှိခဲ့ကာ (၁)ရက်အတွင်း (၇)ပေခွဲခန့်မြင့်တက်ခဲ့သည့်အတွက် ထူးခြားမြစ်ရေမြင့်တက်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးချက်အရ သိရသည်။နောက်(၅)ရက်မှ (၈)ရက်အတွင်း မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပုခုက္ကူ၊ ‌ညောင်ဦးမြို့တို့တွင် (၄)ပေခွဲမှ (၅)ပေခွဲခန့်၊ နောက်(၈)ရက်မှ (၁၃)ရက်အတွင်း ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည် ၊ ဆိပ်သာ ၊ ဟင်္သာတနှင့်ဇလွန်မြို့တို့တွင် (၃)ပေခွဲမှ(၄)ပေခွဲအထိ လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်သည်ဟု အသိပေးထားသည်။




news-view-count-icon

25