တနင်္သာရီတိုင်း မြိတ်-ထားဝယ်ကားလမ်းပေါ်မှာ တိုက်ပွဲတွေကြောင့်လမ်းပိတ်ထားပြီး ဒေသခံတွေဟာ ရေလမ်းခရီးကနေ သွားလာနေရတာကြောင့် ယခင်ကထက် ခရီးစရိတ် ၁၀ ဆနီးပါး မြင့်တက်သွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ကားလမ်း ပိတ်ထားတာကြောင့် မြိတ်နဲ့ ထားဝယ် ခရီးသွားတွေဟာ ခရီးသွားအေဂျင်စီတွေက စီစဉ်တဲ့ Speed Boat တွေကိုအသုံးပြုပြီး ရေလမ်းခရီးကနေသွားလာနေကြရတာပါ။မြိတ်နဲ့ ထားဝယ်ကို ကားခဟာ ယခင်က ကျပ်သုံးသောင်းနီးပါးပဲ ကျသင့်တယ်ဆိုပေမယ့် ရေလမ်းခရီးကသွားမယ်ဆိုရင် ကျပ်နှစ်သိန်းခွဲကနေ သုံးသိန်းထိ ကျသင့်တာကြောင့် မဖြစ်မနေ အရေးပေါ်သွားရောက်လို့သူတွေပဲ သွားလာနိုင်တယ်လို့ ထားဝယ်ဒေသခံတစ်ဦးက ပြောပါတယ်။



