တအာင်းဒေသအတွင်း တရားမဝင်ပစ္စည်းတွေကို မှောင်ခိုသယ်ယူမှု လျော့နည်းပပျောက်စေဖို့၊ မော်တော်ယာဉ် ခိုးဆိုးလုယက်မှု ကင်းရှင်းစေဖို့နဲ့ ရသင့်ရထိုက်တဲ့ အခွန်အခတွေ ဆုံးရှုံးမှု မရှိစေဖို့ ရည်ရွယ်ပြီး လုပ်ခြင်းဖြစ်တယ်လို့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။မော်တော်ယာဉ်မှတ်ပုံတင် စိစစ်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ လျှောက်ထားသူတွေဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားရှိသူ လျှောက်ထားနိုင်ပြီး တအာင်းရုံးသုံးစာနဲ့ ကွန်ပျူတာအခြေခံ တတ်မြောက်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။






