back

ထရမ့်ရဲ့ကုန်သွယ်ခွန်တွေကို ပူးပေါင်းတိုက်ခိုက်ဖို့လိုအပ်ကြောင်း ဂျပန်ကို တရုတ်ဝန်ကြီးချုပ် စာရေးသားတိုက်တွန်း

Apr 24 • 7:27 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထရမ့်ရဲ့ကုန်သွယ်ခွန်တွေကို ပူးပေါင်းတိုက်ခိုက်ဖို့လိုအပ်ကြောင်း ဂျပန်ကို တရုတ်ဝန်ကြီးချုပ် စာရေးသားတိုက်တွန်း

အမေရိကန်သမ္မတဒေါ်လ်နယ်ထရမ့်ရဲ့ နှစ်နိုင်ငံစလုံးအပေါ် ကုန်သွယ်ခွန်စည်းကြပ်မှုကို ညှိနှိုင်း တုန့်ပြန် ဖို့ ဂျပန်ကို တရုတ်ကတိုက်တွန်းလိုက်ကြောင်း သတင်းတွေထွက်ပေါ်...

အမေရိကန်သမ္မတဒေါ်လ်နယ်ထရမ့်ရဲ့ နှစ်နိုင်ငံစလုံးအပေါ် ကုန်သွယ်ခွန်စည်းကြပ်မှုကို ညှိနှိုင်း တုန့်ပြန် ဖို့ ဂျပန်ကို တရုတ်ကတိုက်တွန်းလိုက်ကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ တရုတ်ဝန်ကြီးချုပ်လီချန်က ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို အတူတကွ တိုက်ခိုက် ဖို့လိုအပ် ကြောင်း အလေးထားပြောကြားထားတဲ့စာတစ်စောင်ကို ဂျပန်ဝန်ကြီးချုပ်ရှီဂဲရုအိရှိဘ ထံ ပေးပို့ခဲ့တယ်လို့ ဂျပန် ကျိုဒိုသတင်းအေဂျင်စီကထုတ်ပြန်ခဲ့သည်။တရုတ်နိုင်ငံပိုင်မီဒီယာက အမေရိကန်ကုန်သွယ်ခွန်ကိုပူးတွဲတုန့်ပြန်ဖို့ တရုတ်၊ဂျပန်နှင့် တောင်ကိုရီးယား တို့ကသဘောတူလိုက်ကြပြီလို့ သတင်းဖော်ပြခဲ့ပြီးနောက် အဆိုပါစာကို သီတင်းပတ် အနည်းငယ်အကြာမှာပဲ ဂျပန်နိုင်ငံရှိတရုတ်သံရုံးကတဆင့်ပေးပို့ခဲ့တာပဲဖြစ်သည်။


news-view-count-icon

21