back

ဒီမောဆို အရှေ့ဖက်ခြမ်းတွင်မိုးရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့်နေအိမ် ၁၅ လုံးနှင့်ဆေးခန်း ၁ လုံးပျက်စီးခဲ့

Apr 24 • 7:46 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဒီမောဆို အရှေ့ဖက်ခြမ်းတွင်မိုးရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့်နေအိမ် ၁၅ လုံးနှင့်ဆေးခန်း ၁ လုံးပျက်စီးခဲ့

ဒီမောဆို အရှေ့ဖက်ခြမ်းရှိ စခန်းတစ်ခု မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်ခဲ့ သော‌‌ကြောင့် နေအိမ် ၁၅ လုံး နှင့် ဆေးခန်း ၁ လုံးပျက်စီးသွားကြောင်း ဒေသခ...

ဒီမောဆို အရှေ့ဖက်ခြမ်းရှိ စခန်းတစ်ခု မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်ခဲ့ သော‌‌ကြောင့် နေအိမ် ၁၅ လုံး နှင့် ဆေးခန်း ၁ လုံးပျက်စီးသွားကြောင်း ဒေသခံတစ်ဦးထံမှသိရပါတယ်။ကရင်နီ ပြည်၊ ဒီမောဆိုမြို့နယ် ပွန်ချောင်းစစ်ရှောင်စခန်းတွင် ဧပြီလ ၂၂ ရက်နေ့၌ ညနေပိုင်းအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ၁၅ လုံး နှင့် ဆေးပေးခန်းတစ်လုံးပျက်စီးသွားခဲ့ခြင်းလည်းဖြစ်ကာမိုးရာသီ ၀င်တော့မည် ဖြစ်သော ကြောင့် နေအိမ်များပြန်လည်ပြုပြင်နိုင်ရန် အကူအညီများလိုအပ်နေကာအဆိုပါစခန်းတွင် အိမ်ထောင်စု ၁၆၄ ခုရှိပြီး လူဦးရေ ၆၀၀ ကျော်နေထိုင်ကြောင်းသိရပါတယ်။




news-view-count-icon

21