ငလျင်ဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ ၄.၃ သန်းကျော်ဟာ ရေသန့် နဲ့ သန့်ရှင်းရေး ဆိုင်ရာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ပါတယ်။ငလျင်ကြောင့် ရေပေးဝေရေးစနစ်တွေ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးခဲ့ပြီး အိမ်သာပေါင်း ၄၂,၀၀၀ ကျော် ပြိုကျခဲ့သလို မကြာခဏ ဓါတ်အားပြတ်တောက်မှုတွေကြောင့်လည်း ရေပေးဝေရေး အခက်အခဲ ဖြစ်စေခဲ့ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက အခြေအနေတွေ ပိုပြီး ဆိုးရွားမလာခင် အကူအညီလိုအပ်သူ တစ်သန်းကို ရေသန့်၊ အရေးပေါ်သန့်ရှင်းရေး နဲ့ တစ်ကယ်ရေ သန့်ရှင်းရေးဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ ရည်ရွယ်ထားကာ
အရေးပေါ် အမိုးအကာ၊ ငွေသားအကူအညီ၊ ဘေးကင်းတဲ့ သောက်သုံးရေ၊ အစားအစာ နဲ့ မိခင်တွေကို ထောက်ပံ့ပေးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဟာ ငလျင်ထိခိုက်ခံစားခဲ့ရတဲ့ ဒေသတွေအတွက် ချက်ချင်းဦးစားပေးဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်းမှု၊ ပညာရေး နဲ့ အခြေခံအဆောက်အအုံတွေ လျင်မြန်စွာ ပြန်လည်ထူထောင်ရေး အရေးကြီးကြောင်း လည်း ပြောပါတယ်။ 


