မန္တလေးမြို့ရှိ မွေးမြူရေးလုပ်ငန်းရှင်များသည် ငလျင်ဘေးသင့်ပြည်သူများအတွက် သက်သာသောစျေးနှုန်းဖြင့် ကြက်ဥနှင့် ကြက်သားများကို ဧပြီ ၂၃ ရက်မှ စတင်ကာ အပတ်စဉ် ဗုဒ္ဓဟူးနှင့် စနေနေ့တိုင်း မနက် ၇ နာရီမှ ၁၀ နာရီအတွင်း မနော်ရမ္မံကွင်းတွင် ရောင်းချပေးသွားမည်ဖြစ်သည်။ ကြက်ဥ ၁၁ လုံးပါ တထုပ်ကို ကျပ် ၄,၀၀၀ နှုန်း၊ ကြက်တစ်ပိသာကို ကျပ် ၁၆,၀၀၀ ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး၊ ကြက်ဥ ၁၀ သိန်းနှင့် ကြက်သား ၅,၀၀၀ ပိသာ ထုတ်ဝေသွားမည်ဟု သိရသည်။ ထပ်မံပါဝင်မည့် လုပ်ငန်းရှင်များရှိပါက ပမာဏပိုမိုတိုးချဲ့၍ ဆက်လက်ရောင်းချသွားမည်ဖြစ်သည်။



