back

ပြည်တွင်း စျေးမြင့်ခြင်းကြောင့် ကားစျေးကွက် အေးဆေးနေဆဲ

Apr 24 • 7:19 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း စျေးမြင့်ခြင်းကြောင့် ကားစျေးကွက် အေးဆေးနေဆဲ

၂၀၂၅ ခုနှစ် ဧပြီ ၂၄ ရက်နေ့မှ စတင်၍ ကားထုတ်ရောင်းလိုသူများ များပြားလာသော်လည်း ခေါ်စျေးမြင့်နေမှုကြောင့် ကားစျေးကွက်မသွက်ကြောင်း သိရသည်။ လျှပ်စစ်ကားများ ဝင်လာသော်...

၂၀၂၅ ခုနှစ် ဧပြီ ၂၄ ရက်နေ့မှ စတင်၍ ကားထုတ်ရောင်းလိုသူများ များပြားလာသော်လည်း ခေါ်စျေးမြင့်နေမှုကြောင့် ကားစျေးကွက်မသွက်ကြောင်း သိရသည်။ လျှပ်စစ်ကားများ ဝင်လာသော်လည်း အားသွင်းစနစ်မပြည့်စုံသည့်အတွက် ဆီသုံးကားများ၊ အထူးသဖြင့် ဟိုက်ဘရစ်ကားများသည် တော်တော်လှန်လှန် ရောင်းချနိုင်ကြောင်း ကားပွဲစားများက ပြောကြသည်။ ယခင်ကအမြတ်ရနိုင်သည့်အနေအထားမှ ယခုတွင် စျေးကျလာနိုင်သည့်အခြေအနေသို့ပြောင်းလဲလာသည်ကြောင့် ကားပိုင်ရှင်အချို့သည် ရောင်းချရန် စဉ်းစားနေကြသော်လည်း သိန်းတစ်ထောင်အထက်ရှိကားများမှာ မေးသည်များသော်လည်း အရောင်းအဝယ်မပြောနိုင်သည့်အခြေအနေဖြစ်နေသည်။


news-view-count-icon

23