ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကလော၊ ဟိုပုံးနှင့် နမ့်စန်မြို့နယ်များတွင် ဧပြီ ၉ ရက်နေ့မှစ၍ သွင်းကုန်တင်လာသော ယာဉ်များအား ဖမ်းဆီးစစ်ဆေးမှုများ ဆောင်ရွက်နေပြီး၊ ဟိုပုံး၌သာယာဉ် ၇၀ ကျော် ဖမ်းဆီးခံထားကြောင်း သိရှိရသည်။ ယာဉ်မောင်းများက ဂျူတီဖြင့် တင်လာသော်လည်း စာရွက်စာတမ်းမပြည့်စုံမှုနှင့် ဂျူတီမဲ့သည့်ပစ္စည်းများကြောင့် ဖမ်းဆီးခံရကြောင်း ပြောကြသည်။ ဖမ်းဆီးချိန်တွင် ဖုန်းနှင့်လိုင်စင်များကိုလည်း တစ်ခါတည်း ယူသွားပြီး စစ်တပ်ဝင်းထဲသို့ ယာဉ်များကိုပို့ထားသည်ဟု ဆိုကြပြီး အခွန်ပြန်ဆောင်ခိုင်းခြင်း၊ ဒဏ်ကြေးပေးရန်လိုအပ်ခြင်းတို့ကြောင့် အချိန်ကြန့်ကြာမှုနှင့် အလုပ်ရပ်ခြင်းများ ဖြစ်ပေါ်နေသည်။



