တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့များက ဧပြီ ၂၁ နှင့် ၂၂ ရက်အတွင်း စစ်ဆေးရာမှ လူသုံး၊ စားသောက်နှင့်လုပ်ငန်းသုံးပစ္စည်းများ၊ ရေနံစိမ်း ၃၅၀ ဂါလန်၊ လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ၊ ထပ်မံ၍ သစ်တောဥပဒေအရ တရားမဝင်သစ် ၃.၃၆၇ တန်အပါအဝင် စုစုပေါင်းတန်ဖိုးကျပ် ၆.၅ ဘီလီယံကျော်အထိ တန်ဖိုးရှိသော ပစ္စည်းများကို ဖမ်းဆီးနိုင်ခဲ့ကြောင်းသတင်းရရှိပြီး ပစ္စည်းများနှင့်သက်ဆိုင်သူများအား တာဝန်ရှိရာဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။



