မူးယစ်ဆေးဝါးတားဆီးရေးအဖွဲ့များသည် ဧပြီ ၂၁ ရက်တွင် မိုးညှင်းမြို့နယ်၌ MITSUBISHI CANTER မော်တော်ယာဉ်မှ ဘိန်းဆီခဲ ၄၃.၅ ကီလိုနှင့် ဘိန်းစိမ်း ၃၅ ကီလို တန်ဖိုးစုစုပေါင်းကျပ် ၁၀၂၉ သိန်းကျော်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မလဲ့ဇာလီဌေး ထုတ်ယူသော ပါဆယ်အတွင်းမှ စိတ်ကြွဆေးပြား ၄၈,၀၀၀ ပြား (တန်ဖိုးကျပ် ၄၈၀ သိန်း) တို့အား သိမ်းဆည်းဖမ်းဆီးနိုင်ခဲ့ပြီး တရားမဝင်ဆေးဝါးဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။



