“၂၀၂၅ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်” အဖြစ်World Immunization Week 2025 ကို“လူသားအားလုံး ကာကွယ်ဆေး အကြိမ်ပြည့်ရရှိစေဖို့ ကျွန်ုပ်တို့အားလုံးကြိုးပမ်းစို့”
Immunization for All is Humanly Possible
ဧပြီလ (၂၄) ရက်နေ့မှ (၃၀) ရက်နေ့အထိ သတ်မှတ်ထားကာကမ္ဘာ့ကာကွယ်ဆေးထိုးနှံရေး ရက်သတ္တပတ်အဖြစ် ဧပြီလ၏ နောက်ဆုံး ရက်သတ္တပတ်တွင် ကျင်းပလေ့ရှိရာ ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသောရောဂါများမှ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြှင့်တင်ရန်နှင့် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန် ရည်ရွယ်ပြီး ကာကွယ်ဆေးများသည် - လူ့လောက၏ အကြီးမားဆုံးသောအောင်မြင်မှုများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၅၀ အတွင်း မရှိမဖြစ်လိုအပ်သော ကာကွယ်ဆေးများဖြင့် အနည်းဆုံး လူ့အသက် ၁၅၄ သန်းကို ကယ်တင်နိုင်ခဲ့ကာ ဆယ်စက္ကန့်တိုင်း လူ့အသက်တစ်ချောင်းဆုံးရှုံးခြင်းမှ ကယ်တင်နိုင်ပါသည်ဟုWHO Myanmar မှဖော်ပြထားပါတယ်။


