Ray Ban Meta စမတ်မျက်မှန်မှာ တော်တော်မိုက်တဲ့ feature တစ်ခု ပါလာပါတယ်။ အဲ့ဒါက တိုက်ရိုက်ဘာသာပြန်တဲ့ live translation စနစ်ပါ။ အရင် beta မှာတုန်းက လူအကန့်အသတ်နဲ့ ချပေးထားတဲ့ feature ကို လူတိုင်းသုံးနိုင်အောင် ဖြန့်ချိလိုက်တာ ဖြစ်ပြီး လောလောဆယ်တော့ အင်္ဂလိပ် ၊ ပြင်သစ် ၊ အီတလီ နဲ့ စပိန်ဆိုပြီး ဘာသာစကား ၄ မျိုး support ပေးထားပါတယ်။ Live Translate ဆိုတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက် စကားပြောနေတုန်း တောက်လျှောက် real-time စကားပြန်ပေးနေမှာပါ။ language pack တွေ ကြိုပြီး ဒေါင်းလုပ်ဆွဲထားရင် Live Translate ကို အင်တာနက်မရှိဘဲလည်း သုံးနိုင်ပါတယ်။



