ကက်ရှ်မီးယားဒေသတွင် ခရီးသွား ၂၆ ဦးသေဆုံးခဲ့သည့် တိုက်ခိုက်မှုအပြီး အိန္ဒိယက ပါကစ္စတန်နယ်စပ်ဂိတ် ပိတ်သိမ်းခြင်းနှင့် ပါကစ္စတန်သံတမန်များကို နှင်ထုတ်လိုက်ရကြောင်းသိရသည်။ အိန္ဒိယအစိုးရကနှစ်နိုင်ငံ နယ်စပ်ဂိတ်ကို ပိတ်ပစ်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်မှုကိုတားဆီးခဲ့ကာ ပါကစ္စတန်ဗီဇာကိုင်ဆောင်ထားသူများအား ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံမှထွက်ခွာရန် အမိန့်ထုတ်ပြန်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ပါကစ္စတန်းစစ်ဘက်မှ ငြင်းဆိုထားပြီး မကြာမှီ နှစ်နိုင်ငံအကြားတွေ့ဆုံရန်ရှိကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါတိုက်ခိုက်မှုသည် ကတ်ရှ်မီးယားဒေသအတွက် ၂၀၁၉ ခုနှစ်နောက်ပိုင်း အသေအပျောက်အများဆုံးဖြစ်စဉ်ဖြစ်ကြောင်း ဒေသအာဏာပိုင်များကဆိုသည်။



