back

ကြက်ခြေနီများရဲ့ လှုပ်ရှားမှုတိုင်းသည် လူသားဆန်မှုကို ဖော်ညွှန်းနေခြင်းဖြစ်

Apr 24 • 6:23 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ကြက်ခြေနီများရဲ့ လှုပ်ရှားမှုတိုင်းသည် လူသားဆန်မှုကို ဖော်ညွှန်းနေခြင်းဖြစ်

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့က အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်ပြီးချိန်မှစတင်ကာ ယနေ့အချိန်အထိ ထိခိုက်မှုအများဆုံးနေရာတွေမှ...

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့က အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်ပြီးချိန်မှစတင်ကာ ယနေ့အချိန်အထိ ထိခိုက်မှုအများဆုံးနေရာတွေမှာ အလေးထား ကူညီလုပ်ဆောင်ပေးလျက်ရှိပါတယ်။ အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုများ၊ မသေချာမရေရာမှုများနှင့် ရင်ဆိုင်နေရချိန်မှာ ကျွန်ုပ်တို့ရဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီကယ်ဆယ်ရေးများတွင် ပူးပေါင်းလုပ်ဆောင်ရင်း ထိခိုက်ဒဏ်ရာရသူများအား ရှေးဦးပြုစုပေးခြင်း၊ ရေ၊ အစားအစာနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ ဖြန့်ဝေပေးခြင်း၊ နေဒဏ် မိုးဒဏ်အတွက် ယာယီတဲများ ဆောက်လုပ်ပေးခြင်း၊ အမိုးအကာအတွက် တာပေါ်လင်များ ဖြန့်ဝေပေးခြင်းကို ပြည်သူလူထုအတွက် ဒေသခံများနှင့်အတူတကွ ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး ဘေးအန္တရာယ်ကျရောက်သည့်ကာလတွင်သာမက ပြန်လည်ထူထောင်ရေး အချိန်ကာလအထိ ဆောင်ရွက်ကြရသည့်အတွက် ကျွန်ုပ်တို့ ကြက်ခြေနီများရဲ့ လှုပ်ရှားမှုတိုင်းသည် လူသားဆန်မှုကို ဖော်ညွှန်းနေခြင်းဖြစ်ပါတယ်။



news-view-count-icon

25