အာဆင်နယ်အသင်းနည်းပြ အာတီတာက ပဲလေ့စ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က အသင်းရဲ့ရလဒ်နဲ့ စွမ်းဆောင်ရည်အတွက် စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။ အာတီတာက “ကျနော်တို့ဟာ ပွဲကိုကြီးစိုးထားနိုင်ဖို့အတွက် ဧရိယာအများအပြားမှာ တသမတ်တည်း မရှိခဲ့ပါဘူး။ ဒီပွဲမှာ ကျနော်တို့ဟာ ကျနော်တို့ရဲ့ စံချိန်စံနှုန်းအောက်မှာသာ ရှိခဲ့ပြီး ပဲလေ့စ်အသင်းကိုတော့ အသိအမှတ်ပြု ရမှာပါ။ ကျနော်တို့ဟာ ရိုးရှင်းတဲ့နည်းလမ်းတွေနဲ့ ဘောလုံးကိုပေးပို့ခဲ့ပြီး ကျနော်တို့လုပ်တဲ့အရာတွေဟာ နောက်ကျခဲ့ပါတယ်။ ဒီပွဲရဲ့ရလဒ်နဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်မိတယ်”လို့ ပြောခဲ့တာပါ။



