ကမ္ဘောဒီးယားနိုင်ငံပညာရေး လူငယ်နှင့်အားကစားဝန်ကြီးဌာနဝန်ကြီးမစ္စတာ Hang Chuon Naron သည် စင်္ကာပူပညာရေးဝန်ကြီး မစ္စတာ Chan Chun Sing နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ပညာရေးပူးပေါင်းမှုမြှင့်တင်ရန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ မစ္စတာဟန်သည် ပညာသင်ဖလှယ်ရေး အစီအစဉ်ဖြင့် စင်္ကာပူသို့ တရားဝင်ခရီးစဉ်ဖြင့် ရောက်ရှိနေခြင်းဖြစ်သည်။ မစ္စတာဟန်က ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန်ရည်ရွယ်၍ ၎င်းတို့၏ သက်ဆိုင်ရာပညာရေးစနစ်များ၏တိုးတက်မှုများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ကမ္ဘောဒီးယားနှင့်စင်္ကာပူနှစ်နိုင်ငံအကြား နှစ် (၆၀) သက်တမ်းရှိသည့် နှစ်နိုင်ငံဆက်ဆံရေးကိုလည်း အလေးပေးပြောကြားခဲ့သည်ဟု သိရသည်။



