၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တစ်နှစ်တာအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့သော ငါးနှင့် ရေထွက်ကုန်များမှ အမေရိကန်ဒေါ်လာ ၄၂၁.၉၄၂ သန်းရရှိခဲ့ပြီး၊ ထဲမှ ပုံမှန်ကုန်သွယ်မှုမှ ဒေါ်လာ ၂၄၁.၃၃၂ သန်းနှင့် နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာ ၁၈၀.၆၁ သန်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ ဤငါးတင်ပို့မှုမှာ မက်ထရစ်တန် ၄ သိန်းနီးပါးအထိရှိပြီး တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်အပါအဝင် နိုင်ငံ ၄၀ ကျော်သို့ တင်ပို့လျက်ရှိသည်။



