ဧပြီ ၂၃ ရက်တွင် စင်ကာပူနိုင်ငံ၌ ထူးခြားပြောင်းလဲလာဖွယ်ရှိနေသော ရွေးကောက်ပွဲအကြို မဲဆွယ်ကာလ ၉ ရက်တာကို စတင်လိုက်ပြီဖြစ်သည်။ မေ ၃ ရက်တွင် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပမည်ဖြစ်ရာ လွန်ခဲ့သည့် တစ်နှစ်က နိုင်ငံခေါင်းဆောင်နေရာရယူခဲ့သော လောရန့်စ်ဝေါင်အတွက် ဝန်ကြီးချုပ်ဆက်ဖြစ်နိုင်ရေး မကြုံစဖူး ပြိုင်ဘက်များ ပေါ်ပေါက်နေသဖြင့် ထူးခြားသော စင်ကာပူ ရွေးကောက်ပွဲကြီးဖြစ်လာမည်ဟု သုံးသပ်နေကြသည်။



