ဧပြီလ၂၃ရက်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ပွဲစဉ်ဟာ သရေကျသွားတာကြောင့် လီပါလ်ပူးလ်အသင်းဟာ လာမယ့်စပါးနဲ့ပွဲစဉ်မှာ သရေတစ်မှတ်ရရုံနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာတော့မှာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ မထင်မှတ်ဘဲ ခရစ္စတယ်ပဲလေ့စ်ကို သရေကျကာ ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ချက်ကို အဆုံးသတ်လိုက်ရပြီဖြစ်ပြီး ချန်ပီယံလိဂ်မှာသာ PSGကို မကျော်ဖြတ်နိုင်ခဲ့ရင် ဖလားလက်မဲ့ရာသီတစ်ခုကို ထပ်မံဖြတ်သန်းရတော့မှာဖြစ်ပါတယ်။



