ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ဂျပန်ယဥ်ကျေးမှုစင်တာမှ ကလေးသူငယ်များအတွက် ဂျပန်ဘာသာစကားနှင့် ယဥ်ကျေးမှုကို ပျော်ရွှင်စွာ လေ့လာနိုင်မည့် အခမဲ့နွေရာသီသင်တန်းကို ဖွင့်လှစ်မည်ဖြစ်ပြီး၊ ဂျပန်စာနှင့် လုံးဝမအတွေ့အကြုံရှိသေးသည့် ကျောင်းသားများကို ဦးတည်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။



