back

သားအိမ်မပါဘဲမွေးလာသည့်အမျိုးသမီးထံမှ သမီးမိန်းကလေးအံ့ဖွယ်မွေးဖွားနိုင်ခဲ့

Apr 24 • 5:45 AM

breaking-news

မြန်မာ

ပြည်ပ

cover

သားအိမ်မပါဘဲမွေးလာသည့်အမျိုးသမီးထံမှ သမီးမိန်းကလေးအံ့ဖွယ်မွေးဖွားနိုင်ခဲ့

သားအိမ်မပါဘဲမွေးလာတဲ့ ဗြိတိန်အမျိုးသမီးဟာ ကျန်းမာသန်စွမ်းတဲ့ ကလေးကို မွေးဖွားနိုင်ခဲ့ပြီး ဗြိတိန်မှာ သားအိမ်အစားထိုးသူထံကနေ ပထမဆုံး‌ကလေးမွေးဖွားနိုင်ခဲ့တာ ဖြစ်ပ...

သားအိမ်မပါဘဲမွေးလာတဲ့ ဗြိတိန်အမျိုးသမီးဟာ ကျန်းမာသန်စွမ်းတဲ့ ကလေးကို မွေးဖွားနိုင်ခဲ့ပြီး ဗြိတိန်မှာ သားအိမ်အစားထိုးသူထံကနေ ပထမဆုံး‌ကလေးမွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၆ နှစ်ရှိ ဂရေ့စ်ဒေးဗစ်ဆန်ဟာ ဆယ်ကျော်သက်အရွယ်တုန်းက MRKHလို့ခေါ်တဲ့ သားအိမ်မဖွံ့ဖြိုးတဲ့ ရှားပါးရောဂါ တွေ့ရှိခဲ့ပါတယ်။ကလေးမိခင်ဖြစ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပြီးနောက် သူ့ရဲ့အစ်မ အေမီပါဒီထံကနေ သားအိမ်အင်္ဂါရယူကာ ၂၀၂၃ မှာ သားအိမ်အစားထိုးခွဲစိတ်မှု ခံယူခဲ့ပါတယ်။ ၂၀၂၃ ဖေဖော်ဝါရီက အောက်စ်ဖို့ဒ်မှာ ၁၈ နာရီကြာအောင် ခွဲစိတ်ခဲ့ပြီး ဒေးဗစ်ဆန်ဟာ ယူကေမှာ သားအိမ်အစားထိုးမှု အောင်မြင်စွာပြုလုပ်နိုင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီး ဖြစ်လာပါတယ်။ 


news-view-count-icon

33