မန္တလေးမြို့တွင် ငလျင်ဒဏ်လှုပ်ခတ်ပြီးနောက်ပြိုကျအဆောက်အဦးများ ရှင်းလင်းရေးလုပ်ဆောင်ရာ၌ ၇၈ လမ်း၊ ၄၂ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ ဂရိတ်ဝေါလ် (Great Wall) ဟိုတယ်ဖြိုချရာတွင် ကန့်သတ်နယ်မြေသတ်မှတ်ပေးကာ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားကြောင်းသိရသည်။အဆိုပါပုဒ်မ ၁၄၄ ထုတ်ပြန်ရာတွင် မန္တလေးမြို့၊ သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးကတဆင့် ထုတ်ပြန်ရသည့်အမိန့်ဖြစ်သောကြောင့် မလိုက်နာပါက ပြစ်မှုဆိုင်ရာပုဒ်မ ၁၈၈ ဖြင့် အရေးယူ ခံရနိုင်ကြောင်း ဥပဒေရေးရာနားလည်သူတစ်ဦးက ပြောကြားသည်။



