back

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အဆောက်အအုံသစ် ဆောက်လုပ်သည့်နေရာသို့ တရားမဝင်ရွှေ့ပြောင်းလုပ်သားများအား ဝင်ရောက်ရှာဖွေစစ်ဆေး

Apr 23 • 12:10 PM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အဆောက်အအုံသစ် ဆောက်လုပ်သည့်နေရာသို့ တရားမဝင်ရွှေ့ပြောင်းလုပ်သားများအား ဝင်ရောက်ရှာဖွေစစ်ဆေး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မင်းဘူရီ မြို့ပြနှင့် ရာဇ၀တ်တရားရုံး အဆောက်အအုံသစ် ဆောက်လုပ်သည့်နေရာသို့တရုတ် အလုပ်သမားများ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည်ဟု တိ...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မင်းဘူရီ မြို့ပြနှင့် ရာဇ၀တ်တရားရုံး အဆောက်အအုံသစ် ဆောက်လုပ်သည့်နေရာသို့တရုတ် အလုပ်သမားများ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည်ဟု တိုင်ကြားစာ ရရှိသဖြင့် တာဝန်ရှိသူများက ဧပြီ ၂၃ ရက်က စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ စစ်ဆေးမှုတွင် ထိုင်းအလုပ်သမား ၂၀၊ မြန်မာနိုင်ငံမှ အလုပ်သမား ၂၁ ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ၃၀ ဦးတို့ဖြစ်ပြီး ၎င်းတို့အားလုံး တရားဝင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ကိုင်ဆောင်ထားကြောင်း သိရသည်။ အဆိုပါနေရာတွင် တရားမဝင်အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကို တွေ့ရှိခြင်းမရှိပေ။ အဆိုပါနေရာသို့ ရံဖန်ရံခါ လာရောက်လည်ပတ်ခဲ့ကြသော တရုတ်အမျိုးသားများသည် China Railway Co., Ltd. ၏ ပရောဂျက်ညှိနှိင်းရေးမှူးများအဖြစ် ဆောင်ရွက်ကြပြီး ပုံမှန် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပါဝင်ခြင်းမရှိကြောင်း အာဏာပိုင်များက ရှင်းလင်းပြောကြားခဲ့သည်။



news-view-count-icon

25