ထားဝယ်မြို့ရှိ ဩဝါဒစရိယဆရာတော်များ၏ မိန့်ကြားခွင့်ပြုချက်ဖြင့် ထားဝယ်မြို့ ညောင်ရမ်းတောင်ရပ်ကွက်၊ ဘုန်းကြီးပျံကုန်းတွင်ရှိသည့် ဘုန်းကြီးမီးသင်္ဂြိုဟ်စက် နံဘေးတွင် တည်ဆောက်မည်ဖြစ်ကြောင်း အထက်ပါအဖွဲ့၏ ဘဏ္ဍာရေးတာဝန်ရှိသူက ပြောသည်။မီးသင်္ဂြိုဟ်စက် ခေါင်းတိုင်အမြင့်မှာ ပေ ၇၀နှင့် အထက်ရှိမည်ဖြစ်ပြီး ကျပ်သိန်း ၁၅၀၀ ခန့်ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။



