ယခုနှစ်ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေပြသနေတဲ့ ဘုန်းမောက်နောက်ခံလူ Dean Huijsen ကို ခေါ်ယူနိုင်ဖို့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ချဲလ်ဆီး၊အာဆင်နယ်၊လီပါလ်ပူးနဲ့ နယူးကာဆယ်တို့ အပြိုင်အဆိုင်ကြိုးစားနေကြသလို စပိန်အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ် ကလည်း အခြေအနေတွေကို စောင့်ကြည့်လျက်ရှိနေပါတယ်။ဘုန်းမောက်နောက်ခံလူ Dean Huijsenဟာ အသက်၂၀သာရှိသေးသလို ဒီနှစ်ဘောလုံးရာသီရဲ့ ခြေစွမ်းအတည်ငြိမ်ဆုံး နောက်ခံလူတစ်ယောက်ဖြစ်ပါတယ်။ဒါ့အပြင် Dean Huijsenဟာ နိုင်ငံအသင်းဖြစ်တဲ့ စပိန်လက်ရွေးစင်အသင်းအတွက်ပါ ရွေးချယ်ခံခဲ့ရသလို ပွဲထွက်ကစားခွင့်တွေပါရရှိထားခဲ့ကာ ဉရောပရဲ့ အလားအလာအကောင်းဆုံး လူငယ်နောက်ခံလူ အဖြစ်ပါ သတ်မှတ်ခံထားရပါတယ်။
ဘုန်းမောက်နောက်ခံလူ Dean Huijsen ကို ခေါ်ယူနိုင်ဖို့ ချဲလ်ဆီး၊အာဆင်နယ်၊လီပါလ်ပူးနဲ့ နယူးကာဆယ်တို့ အပြိုင်အဆိုင်ကြိုးစားနေ
Apr 23 • 5:51 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 33 | 0 | 0 | 0 |


