back

တိုက်စစ်မှူး၀က်ကင်စ်ကို ဗီလာကနေ ထွက်ခွာဖို့ ယူနိုက်တက်အသင်းကွင်းလယ်လူဟောင်းအိုဝင်ဟားဂရေ့ဗ်စ်တိုက်တွန်း

Apr 23 • 5:52 AM

breaking-news

မြန်မာ

ပြည်ပ

cover

တိုက်စစ်မှူး၀က်ကင်စ်ကို ဗီလာကနေ ထွက်ခွာဖို့ ယူနိုက်တက်အသင်းကွင်းလယ်လူဟောင်းအိုဝင်ဟားဂရေ့ဗ်စ်တိုက်တွန်း

ယူနိုက်တက်အသင်းကွင်းလယ်လူဟောင်း အိုဝင်ဟားဂရေ့ဗ်စ်က တိုက်စစ်မှူးဝက်ကင်စ်အနေနဲ့ နည်းပြ အူနှိုင်းအမ်မရီ လက်ထက်မှာ မပျော်ရွှင်ဘူးဆိုရင် အက်စတွန်ဗီလာအသင်းကနေ ထွက်ခွာ...

ယူနိုက်တက်အသင်းကွင်းလယ်လူဟောင်း အိုဝင်ဟားဂရေ့ဗ်စ်က တိုက်စစ်မှူးဝက်ကင်စ်အနေနဲ့ နည်းပြ အူနှိုင်းအမ်မရီ လက်ထက်မှာ မပျော်ရွှင်ဘူးဆိုရင် အက်စတွန်ဗီလာအသင်းကနေ ထွက်ခွာဖို့ တိုက်တွန်းခဲ့ပါတယ်။ အိုဝင်ဟားဂရေ့ဗ်စ်က “ဝက်ကင်စ်အနေနဲ့ စိတ်ပျက်ဖို့ အခွင့်အရေးရှိတယ်ဆိုတာ သိသာပါတယ်။ ဒါပေမယ့် သူ လုပ်နိုင်တဲ့အကောင်းဆုံးအရာကတော့ နယူးကာဆယ်အသင်းနဲ့ပွဲမှာလုပ်ခဲ့တဲ့အတိုင်းကစားပြီး သွင်းဂိုးတွေ သွင်းယူကာ အသင်းကို ထိပ်ဆုံး ၄ သင်းထဲရောက်ရှိအောင်လုပ်ပေးရမှာပါ။ သူဟာ အသက် ၂၉ နှစ်အရွယ်ရှိပြီ ဖြစ်ပြီး ဒီမှာမပျော်ရွှင်ဘူးဆိုရင် အခြားတစ်နေရာမှာ သွားကစားပါ”လို့ ပြောခဲ့တာပါ။


news-view-count-icon

26