အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယားနယ်မြေမှာ ဧပြီ ၂၂ ရက်က စစ်သွေးကြွဟု သံသယရှိသူလက်နက် ကိုင်များက ခရီးသွားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၂၀ ထက်မနည်းသေဆုံးဖွယ်ရှိနေပြီး ယင်းဖြစ် ရပ်မှာ နှစ်ပေါင်းများစွာ ဒုက္ခရောက်နေသော ဟိမဝန္တာဒေသအတွင်း အဆိုးရွားဆုံးအရပ်သားများပေါ် တိုက်ခိုက်မှု ဖြစ်သည်။တိုက်ခိုက်မှုမှာ နွေရာသီလများအတွင်း ခရီးသွားများ အစုလိုက်အပြုံလိုက်လာလေ့ရှိသည့် တောင်တန်း ဒေသ နာမည်ကျော်အပန်းဖြေစခန်းဖြစ်သည့် Pahalgam မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အစ္စလာမ္မစ်စစ်သွေးကြွများ၏ အကြမ်းဖက်မှုများ လျှော့ကျလာသောကြောင့် မကြာသေးမီနှစ်များအတွင်း ခရီးသွားလုပ်ငန်း ပြန်လည် ရှင်သန် လာခဲ့သည်။


