back

BYD ၏ စတုတ္ထအစင်းမြောက် ကားပို့ဆောင်ရေးသင်္ဘောအား လွှဲပြောင်းပေးအပ်

Apr 23 • 5:48 AM

breaking-news

မြန်မာ

ပြည်ပ

cover

BYD ၏ စတုတ္ထအစင်းမြောက် ကားပို့ဆောင်ရေးသင်္ဘောအား လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံ စွမ်းအင်သစ်ကားထုတ်လုပ်ရေး ထိပ်တန်းကုမ္ပဏီ BYD ၏ စတုတ္ထအစင်းမြောက် ကားပို့ဆောင်ရေးသင်္ဘော “BYD SHENZHEN” ကို ဧပြီ ၂၂ ရက်တွင် တရုတ်နိုင်ငံ ကျန်းဆူးပြ...

တရုတ်နိုင်ငံ စွမ်းအင်သစ်ကားထုတ်လုပ်ရေး ထိပ်တန်းကုမ္ပဏီ BYD ၏ စတုတ္ထအစင်းမြောက် ကားပို့ဆောင်ရေးသင်္ဘော “BYD SHENZHEN” ကို ဧပြီ ၂၂ ရက်တွင် တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ရီကျန်းမြို့၌ တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါသင်္ဘောသည် BYD ၏ စတုတ္ထအစင်းမြောက် ကားသီးသန့်ပို့ဆောင်ရေးသင်္ဘောဖြစ်ပြီး China Merchants Group လက်အောက်ရှိ ကျင်းလိန်သင်္ဘောကျင်းမှ တည်ဆောက်ခြင်းဖြစ်သည်။ ၎င်းသည် စုစုပေါင်း အရှည် ၂၁၉.၉ မီတာ၊ အကျယ် ၃၇.၇ မီတာနှင့် စုစုပေါင်း ကုန်းပတ် ၁၆ လွှာရှိပြီး စံချိန်မီ ကားသယ်ဆောင်ရန်နေရာ ၉,၂၀၀ ရှိသဖြင့် လက်ရှိလည်ပတ်ပြေးဆွဲနေပြီဖြစ်သည့် ကမ္ဘာပေါ်တွင် သယ်ဆောင်နိုင်သော ပမာဏအကြီးဆုံး ကားပို့ဆောင်ရေးသင်္ဘော ဖြစ်ပေသည်။


news-view-count-icon

30