ရန်ကုန်ယူနိုက်တက်အသင်း၏ လာမည့် မြန်မာနေရှင်နယ်လိဂ်ဖလား ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင် ယူ -၂၂ အသင်း နှင့် မဟာယူနိုက်တက်အသင်း လူငယ်ကစားသမားဖြစ်သူ အာကာကျော်အား ၂နှစ်စာချုပ်ချုပ်ဆိုကာခေါ်ယူအားဖြည့်ခဲ့ပါတယ်။အသက် (၂၁) နှစ်အရွယ်အာကာကျော်သည် ၂၀၁၉ ခုနှစ်မှစတင်၍ မြန်မာလက်ရွေးစင် အသက်(၁၉) နှစ်အောက်အသင်းနှင့် အသက်(၂၂) အောက်အသင်းထိ ရွေးချယ်ချင်းခံခဲ့ရပြီး လက်ရှိတွင်မြန်မာလက်ရွေးအသင်းကြီး၏ ပဏာမ လူစာရင်းတွင်လည်းပါဝင်လျက်ရှိသည်။ အာကာကျော်သည် အရပ် ၅ပေ၇ လက်မရှိပြီး ကွင်းလယ်တွင်လုပ်အားနှုန်းကောင်းမွန်စွာ ကစားခဲ့နိုင်ပြီး ပြီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ရာသီတွင် မဟာယူနိုက်တက်အသင်း၏ အားထားရသောကစားသမားတစ်ဦးဖြစ်ခဲ့တာကြောင့် ရန်ကုန်ယူနိုက်အသင်းက ကွင်းလယ်နေရာအတွက်ခေါ်ယူအားဖြည့်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် ယူ -၂၂ အသင်း နှင့် မဟာယူနိုက်တက်အသင်း လူငယ်ကစားသမားဖြစ်သူ အာကာကျော်အား ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ
Apr 23 • 5:47 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


