back

ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်တွင် သက်ငယ်မုဒိမ်းမှုမှ မသင်္ကာသူတစ်ဦးကို ဖမ်းဆီးရမိထားခဲ့

Apr 23 • 4:30 AM

breaking-news

မြန်မာ

ဧရာ၀တီ

breaking-news
cover

ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်တွင် သက်ငယ်မုဒိမ်းမှုမှ မသင်္ကာသူတစ်ဦးကို ဖမ်းဆီးရမိထားခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်း ပြီးခဲ့သော ရက်ပိုင်းက ကြုံခဲ့ရသည့် သက်ငယ်မုဒိမ်းမှုမှ မသင်္ကာသူတစ်ဦးကို လတ်တလောတွင် ဖမ်းဆီးရမိထားကြောင်း ဒေသခံများ၏...

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်း ပြီးခဲ့သော ရက်ပိုင်းက ကြုံခဲ့ရသည့် သက်ငယ်မုဒိမ်းမှုမှ မသင်္ကာသူတစ်ဦးကို လတ်တလောတွင် ဖမ်းဆီးရမိထားကြောင်း ဒေသခံများ၏ လူမှုကွန်ရက်တွင် ဖော်ပြချက်အရ သိရပါတယ်။အဆိုပါဖြစ်ရပ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ မကျီးကုန်းအုပ်စု၊ ကင်ပွန်းခြုံကျေးရွာ၌ ဖြစ်ပွားခဲ့သည်ဟု ဆိုကြပြီး ယင်းကျေးရွာနေ အသက် ၁၄ နှစ်အရွယ် မ . . . . ဆိုသူမှာ ဧပြီလ ၁၈ ရက် ည ၇ နာရီခန့်က နေအိမ်မှ ပျောက်ဆုံးသွားခဲ့ကြောင်း၊ ဧပြီလ ၁၉ ရက် မွန်းလွဲပိုင်းလောက်တွင် ၎င်းကျေးရွာရှိ မိချောင်းအိုင်တံတားဘေးက ကန်အတွင်းတွင် ပျောက်ဆုံးနေသူ မ . . . . ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။ထိုရုပ်အလောင်းကို သက်ဆိုင်ရာမှစစ်ဆေးရာတွင် မုဒိမ်းပြုကျင့်၍ သတ်ဖြတ်ခံထားရခြင်းမျိုးဖြစ်သည့်အတွက် ကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် လုပ်ဆောင်ခဲ့ကြကြောင်း၊ လတ်တလောတွင် ကျူးလွန်သူဟု သံသယဖြစ်ဖွယ် မသင်္ကာသူ တစ်ဦးကို ဖမ်းဆီးရမိထားခြင်းလည်းဖြစ်ကာ မုဒိမ်းကျင့်သတ်ခံရသည့် အသက် ၁၄ နှစ်အရွယ် မ . . . . ၏ ရုပ်အလောင်းကို ဧပြီလ ၂၁ ရက်က ကျန်ရစ်သူမိသားစုများမှ သဂြိုလ်ခဲ့ကြပြီး လာမည့် ဧပြီလ ၂၅ ရက်တွင် ရက်လည်ဆွမ်းသွတ်၍ ပရိတ်တရားတော်နာကြားကြရန် စီစဉ်ထားကြပါတယ်။



news-view-count-icon

30