back

မန်စီးတီးဘက်က စာချုပ်သစ် ကမ်းလှမ်းခြင်းမရှိသည့်အပေါ် ကွင်းလယ်လူဒီဘရိုင်း ထုတ်ဖော်ပြောဆို

Apr 23 • 4:32 AM

breaking-news

မြန်မာ

ပြည်ပ

cover

မန်စီးတီးဘက်က စာချုပ်သစ် ကမ်းလှမ်းခြင်းမရှိသည့်အပေါ် ကွင်းလယ်လူဒီဘရိုင်း ထုတ်ဖော်ပြောဆို

မန်စီးတီးအသင်းဘက်က စာချုပ်သစ် ကမ်းလှမ်းခြင်းမရှိတဲ့အပေါ် ကွင်းလယ်လူ ကီဗင်ဒီဘရိုင်းက ထုတ်ဖော်ပြောဆိုသွားပါတယ်။အသက် ၃၃ နှစ်ရှိ ဘယ်လ်ဂျီယံကွင်းလယ်လူဟာ အခုနှစ်ရာသီအ...

မန်စီးတီးအသင်းဘက်က စာချုပ်သစ် ကမ်းလှမ်းခြင်းမရှိတဲ့အပေါ် ကွင်းလယ်လူ ကီဗင်ဒီဘရိုင်းက ထုတ်ဖော်ပြောဆိုသွားပါတယ်။အသက် ၃၃ နှစ်ရှိ ဘယ်လ်ဂျီယံကွင်းလယ်လူဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး မန်စီးတီးဘက်က စာချုပ်သစ်ကမ်းလှမ်းမှု မရှိတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။အသင်းဘက်ကနေ တစ်နှစ်ပတ်လုံး စာချုပ်သစ် ကမ်းလှမ်းခြင်းမရှိတဲ့အပေါ် အံ့အားသင့်မိပေမဲ့ အသင်းဘက်က ဆုံးဖြတ်ချက်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံရမှာဖြစ်ကြောင်း ဒီဘရိုင်းက ပြောပါတယ်။


news-view-count-icon

27