မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ဧပြီလ ၂၂ ရက်နေ့အထိ လူပေါင်း ၁၁၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ငလျင်ကြောင့် ဧပြီလ ၂၂ ရက်နေ့အထိ သေဆုံးသူ ၃,၇၅၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၅,၁၀၇ ဦးအထိ ရှိလာကာပြည်တွင်း၊ ပြည်ပလူမှုကူညီရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်ရေးတွေကို ဆက်လက်လုပ်ဆောင်နေပြီး ဧပြီလ ၂၂ ရက်နေ့အထိ လူပေါင်း ၆၅၃ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သလို သေဆုံးသူ ၇၆၇ ဦးရဲ့ ရုပ် အလောင်းတွေကို ရှာဖွေပေးနိုင်ခဲ့တယ်လို့လည်း စထုတ်ပြန်ချက်မှာပါရှိပါတယ်။မတ်လ ၂၈ ရက်နေ့က ငလျင်ဒဏ်ကို အဓိကကြုံခဲ့ရတဲ့ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ရှမ်းပြည်နယ် တောင်ပိုင်းဒေသတွေမှာ နောက်ဆက်တွဲငလျင်ငယ်တွေကိုပါ ဆက်တိုက်ကြုံတွေ့နေကြရတာဖြစ်ပြီး မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ဧပြီလ ၂၂ ရက်နေ့အထိ နောက်ဆက်တွဲ လှုပ်ခတ်တဲ့ငလျင် ၁၅၀ ကျော်အထိ ရှိနေပါတယ်။



