vivoWatch 6 AERO မှာက display အောက်ဘက် PPG နဲ့ ECG sensor ပေါ် လက်ညှိုးတင်ပြီး သွေးပေါင်ရော နှလုံးလှုပ်ရှားမှုပုံစံကိုပါ တိုင်းနိုင်ပါတယ်။ BP နဲ့ ECG နှစ်မျိုးလုံး ရတဲ့ ကမ္ဘာ့ပထမဆုံး စမတ် wristband လို့ ကုမ္ပဏီက ပြောပါတယ်။ သွေးတိုး/သွေးပေါင်ကျတတ်သူတွေ နဲ့ ကိုယ့်သွေးပေါင်ကို တောက်လျှောက်ကြည့်ချင်သူတွေအတွက် အတော်အသုံးတည့်မယ့် smart band ပါ။ အလေးချိန်လည်း ၂၇ ဂရမ်ပဲ ရှိလို့ လက်မှာအမြဲ ပတ်ထားဖို့ တော်တော် lightweight ဖြစ်ပါတယ်။ sensor နဲ့ စစ်ထားတဲ့ အချက်အလက်တွေကိုလည်း ၁.၁ လက်မ AMOLED display မှာ ချက်ချင်းကြည့်လို့ ရပါတယ်။ သွေးဖိအားတိုင်းတာအပြင် တစ်နေ့ ခြေဘယ်နှစ်လှမ်း လှမ်းဖြစ်တယ် ၊ နှလုံးခုန်နှုန်း ပုံမှန်ဟုတ်မဟုတ် ၊ သွေးတွင်းအောက်ဆီဂျင်အခြေအနေ ၊ ကယ်လိုရီဘယ်လောက်ရှိတယ်နဲ့ အိပ်စက်ချိန်နာရီပါ မှတ်သားနိုင်မှာပါ။Android 8 နဲ့ နောက်ထွက်ဖုန်းတွေ ၊ iOS 13 နဲ့ နောက်ပိုင်း iPhone တွေနဲ့ ချိတ်ပြီး သုံးနိုင်ပါတယ်။ ဈေးနှုန်းနဲ့ ထွက်မယ့်ရက် တရားဝင် ကြေညာတာတော့ မရှိသေးပါဘူး။



