ဧပြီလ (၁၉) ရက်နေ့က တရုတ်နိုင်ငံမှာ ကမ္ဘာ့ပထမဆုံး လူနဲ့ စက်ရုပ်တွေ ပါဝင်တဲ့ မာရသွန်အပြေးပြိုင်ပွဲတစ်ခု ကျင်းပသွားပါတယ်။ ဘေကျင်းမြို့တော်ရဲ့ အရှေ့တောင်ဘက်က နည်းပညာကုမ္ပဏီအများစု အခြေစိုက်ရာ ယိကျွမ်းခရိုင်မှာ အားကစားသမားတွေနဲ့အတူ အရွယ်စုံဆိုဒ်စုံ စက်ရုပ် ၂၀ ကျော် ဝင်ပြိုင်သွားတာပါ။၂၁ ကီလိုမီတာ ပြေးလမ်းမှာ လူပေါင်း ၁၂၀၀၀ နဲ့အတူ ဝင်ပြေးတဲ့ စက်ရုပ်တွေက ၁၂၀ စင်တာမီတာအရွယ် စက်ရုပ်ကနေ ၁.၈ မီတာအထိ မြင့်တဲ့ စက်ရုပ်တွေ ပါခဲ့ပါတယ်။ တရုတ်စက်ရုပ်ကုမ္ပဏီတွေဖြစ်တဲ့ DroidUP ၊ Noetix Robotics စတဲ့ ကုမ္ပဏီတွေကလည်း သူတို့ စက်ရုပ်ကို ဒီမာရသွန်မှာ ပွဲထုတ်လာတာဖြစ်ပါတယ်



