အာရေဗျကျွန်းဆွယ်မှာ ကျယ်ပြန့်တဲ့သဲသောင်ပြင်များ၊ သဲပင်လယ်များပြည့်နေပြီး အပူရှိန်နဲ့ ခြောက်သွေ့မှု ပြင်းထန်လွန်းပါတယ်။ ဒါပေမဲ့ လတ်တလောလေ့လာချက်အရ အဆိုပါကန္တာရကြီးဟာ ယခင်အချိန်တွေတုန်းက စိမ်းလန်းစိုစွတ်ခဲ့ဖူးတယ်လို့ ဖော်ပြနေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉ ထောင်ခန့်က မိုးရွာသွန်းမှုမြင့်မားခဲ့ပြီး ရေကန်တွေ မြစ်တွေဖြစ်ပေါ်ခဲ့ပါတယ်။ ဘူမိဗေဒမှတ်တမ်းအများအပြားအရ ယခင်က ပိုပြီးစိုစွတ်ခဲ့တဲ့ ပတ်ဝန်းကျင်အထောက်အထားများအကြောင်းကို Communications Earth & Environmentမှာ ဖော်ပြခဲ့ပါတယ်။



