ယနေ့ ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ ထူထပ်နေပြီး တနင်္သာရီ၊ ကချင်၊ ကရင်၊ မွန်တို့တွင် နေရာအနှံ့၊ စစ်ကိုင်းအထက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကာ ကျန်ဒေသများတွင် နေရာကွက်ကျား မိုးရွာနိုင်ပါသည်။ တနင်္သာရီ၊ ကရင်၊ ချင်းနှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ပြီး လေပြင်း၊ မိုးကြိုး၊ မိုးသီးများ ကျရောက်နိုင်သောကြောင့် သတိပြုရန်ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်ဖြစ်ပြီး နောက် ၂ ရက်အတွင်း အထက်ပိုင်းဒေသအများအပြားတွင် မိုးရွာသွန်းနိုင်ပါသည်။ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ယနေ့ ညနေအထိ နေရာကွက်ကျား မိုးရွာနိုင်ချေ ၆၀ ရာခိုင်နှုန်းရှိပါသည်။



