သရုပ်ဆောင် ခိုင်နှင်းဝေသည် ၎င်း၏ ခိုင်နှင်းဝေဖောင်ဒေးရှင်းမှတစ်ဆင့် အလှူရှင်များ၏ လှူဒါန်းငွေများနှင့် ပစ္စည်းများကို ပဉ္စမအကြိမ်မြောက်အဖြစ် မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်နှင့် လိုအပ်သော ဒေသများသို့ စုစုပေါင်း ကျပ်သိန်း ၇ သောင်း ၅ ထောင်ခန့် တန်ဖိုးရှိ အလှူပစ္စည်းများ ထပ်မံလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုတွင် စစ်ကိုင်းတောင်ရိုးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် သီတင်းသုံးနေထိုင်ရန်နှင့် အခြားလိုအပ်သောနေရာများတွင် အသုံးပြုနိုင်ရန် သွပ်ပြားများ ပါဝင်ကြောင်း သိရသည်။



