တရုတ်အစိုးရက တရုတ်လေကြောင်းလိုင်းများအား အမေရိကန်ကုမ္ပဏီ ဘိုးရင်းမှ ထုတ်လုပ်သည့် ဂျက်လေယာဉ်များ မရယူရန် ညွှန်ကြားထားသဖြင့်၊ မလေးရှားမှ Malaysia Aviation Group (MAG) သည် ၎င်းလေယာဉ်များကို ရယူရန် ကြိုးပမ်းနေသည်။ MAG မှ ဥက္ကဋ္ဌ Datuk Captain Izham Ismail က ဘိုးရင်းနှင့် ဆွေးနွေးနေပြီး ရယူနိုင်ခဲ့လျှင် လေယာဉ်များကို ပိုမိုစောစောရရှိမည်ဟု ပြောကြားသည်။ MAG သည် ALC ထံမှ လေယာဉ်အသစ် ၂၅ စင်းကို ငှားရမ်းရန် သဘောတူထားပြီး၊ ALC သည် ဘိုးရင်းထံမှ လေယာဉ်များ ရရှိသောအခါ စတင်ပေးအပ်မည်ဖြစ်သည်။



