ထိုင်းနိုင်ငံ Muang ခရိုင်ရှိ တရားမဝင် တရုတ်အရင်းအနှီးဖြင့် လုပ်ကိုင်နေသည့် ဂိုဒေါင်တစ်ခုအား အာဏာပိုင်များ ဝင်ရောက်စီးနင်းပြီးနောက် မြန်မာနိုင်ငံသား ၃ ဦးနှင့် ထိုင်းနိုင်ငံသား ၁ ဦးကို ဖမ်းဆီးခဲ့သည်။ ထိုဂိုဒေါင်၌ ပေးပို့ရန် အဆင်သင့်ဖြစ်နေသော ပါဆယ်ထုပ် ၅,၀၀၀ နှင့် ပြန်ပို့သည့် ပါဆယ်ထုပ်များ ထောင်ချီ တွေ့ရှိခဲ့သည်။အဆိုပါဂိုဒေါင်သည် အရည်အသွေးနိမ့်ကုန်ပစ္စည်းများကို မှာကြားထားသည့်အဖြစ်သုံးပြီး အိမ်တိုင်ရာရောက်ပို့ဆောင်ကာ ငွေတောင်းခံသည့် လိမ်လည်မှုလုပ်ငန်းဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ လိပ်စာရှင်က ငြင်းဆန်လျှင် ပါဆယ်ထုပ်များသည် ပြန်လည်ပို့ဆောင်ခြင်းခံရပြီး အခြားလိပ်စာသို့ ပြန်ပေးပို့ကြောင်း သိရသည်။သံသယရှိသူများအား တရားမဝင်အလုပ်လုပ်ကိုင်မှုနှင့် လိမ်လည်မှုများအတွက် တရားစွဲဆိုထားပြီး အမှုစစ်ဆေးဆောင်ရွက်နေဆဲဖြစ်သည်။



