အိန္ဒိယဝန်ကြီးချုပ် မိုဒီ က ဘီလီယျံနာသူဌေးကြီးအီလွန်မတ်စ်နဲ့ စကားပြောဆိုမှုအတွင်း "နည်းပညာနှင့် ဆန်းသစ်တီထွင်မှု" အပိုင်းမှာ အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ရှေ့ရေး အလားအလာကို ဆွေးနွေးခဲ့ကာ
ဧပြီလ ၁၈ ရက်နေ့က အိန္ဒိယဝန်ကြီးချုပ် မိုဒီ ဟာ နည်းပညာဘီလျံနာ အီလွန်မတ်စ်နဲ့ တယ်လီဖုန်းနဲ့ ပြောဆို ဆက်သွယ်ခဲ့ကြောင်း မိုဒီက ဆိုရှယ်မီဒီယာ ပလက်ဖောင်း X မှာ မျှဝေထားတာဖြစ်ပါတယ်။ ဆွေးနွေးမှု အတွင်း အခုနှစ်အစောပိုင်းက ဝါရှင်တန်မှာ သူတို့နှစ်ဦး တွေ့ဆုံခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည်ဆွေးနွေး ခဲ့တဲ့အပြင် နည်းပညာပိုင်းဆိုင်ရာ ကို အလေးပေးဆွေးနွေးခဲ့ကြတယ်လို့ မိုဒီကဆိုပါတယ်။


