ရန်ကုန်-မန္တလေးအမြန်လမ်း၌Toyota Alphard အမျိုးစားယာဉ် တိမ်းမှောက်ပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
ဖြစ်စဉ်မှာ-ဧပြီ၁၉ ရက်နေ့၊ညနေ ၄ နာရီ အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၀/၀)မိုင်နှင့်၊(၁၉/၇)မိုင်တိုင်ကြားတွင်ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းရ၍၊၁၁မိုင်အမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်၊(၁+၄)ဦး၊၁၁မိုင်အမြန်လမ်းရဲစခန်းမှ စခမ အပါတပ်ဖွဲ့ဝင်(၂+၆)ဦးနှင့်အတူကူညီကယ်ဆယ်ရေးလုပ်ငန်းသွားရောက်ဆောင်ရွက်ခဲ့ရာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့၊မောင်းနှင်လာသော၊ Toyota Alphard အမျိုးစား(အဖြူ)ရောင်ယာဉ်သည်၊ ယာဉ်၏ရှေ့ယာဘက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ၊လမ်းမကြီးဘေးကာရံထားသော၊Guard Railတန်ဝင်ရောက်မိကာ ယာဉ်မှာလမ်းဘေးမြေသာလမ်းပေါ်သို့တိမ်းမှောက်ရပ်တန့်သွားခဲ့ခြင်းဖြစ်ပါတယ်။


