ဧပြီလ၂၀ရက်ယနေ့တွင်မန္တလေးငလျင်ကြီးကြောင့် ခိုင့်ခံ့မှု မရှိတော့သည့် မန္တလေးဈေးချိူတော် ကိုင်းတန်းဈေးရုံကို အကြီးစားပြင်ဆင်ရမည်ဖြစ်၍ ဆိုင်ခန်းရှင်များအား အရောင်းအဝယ် လုပ်ကိုင်နိုင်ရန် ယာယီဆိုင်ခန်းနေရာများကို မဲစနစ်ဖြင့် နေရာချထားပေးခဲ့သလို
အဆိုပါကိုင်းတန်း ဈေးရုံတွင် ငါးပိ၊ငါးခြောက်၊ ငရုတ်သီးစသည့် ကုန် ခြောက်များ ရောင်းချကြရာ အဆင်ပြေစွာ ဆက်လက်ရောင်းချနိုင်ရေးအတွက်မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။မဲနှိုက်နေရာချထားပေးရာတွင် ယာယီ ဆိုင်ခန်း နေရာပေါင်း ၈၄ နေရာဖြစ်ပြီး တစ်ခန်းလျှင် ၈ ပေ ၆ ပေ အကျယ်ဖြစ်၍ ၈၅ လမ်း၊၂၇ လမ်းနင့် ၂၈ လမ်းကြားတွင် နေရာချထားပေးကြောင်းသိရသလိုငရုတ်သီးနှင့် ကုန်ခြောက်ရောင်းသူ ဦးမိုးပြောကြားရာတွင် "အခုလို ယာယီဆိုင်ခန်းပေးတော့ ကျနော်တို့ ဖေ။က်သည် မပျက် ဆက်ပြီး အရောင်းအဝယ်လုပ်နိုင်ပါပြီ။ မဲစနစ်နဲ့ဆိုပေမယ့် ဘယ်နေရာ ရောင်းရရောင်းရ အဆင်ပြေပါတယ်။မြို့တော်စည်ပင်ကိုလည်း အများကြီးကျေးဇူးတင်ပါတယ်"ဟုဆိုပါတယ်။


