ပြည်တွင်း၌ စားအုန်းဆီ ဦးပိုင်ရောင်းစျေး ၇၂၀၀ ကျပ်သာရှိသော်လည်း ဈေးကွက်ထဲတွင် တစ်ပိဿာကို ၁၁၀၀၀ ကျပ်အထိ ပေးနေရကြောင်း သိရပါတယ်။“ ဦးပိုင်က ဆီလာချတဲ့ ဆိုင်တွေမှာ ဧည့်စာရင်း၊သန်းခေါင်စာရင်းနဲ့ဆို တစ်ယောက်ကို ၁၀ ရက်တစ်ပိဿာ၊ ထမင်းဆိုင်ဆို တစ်ရက် ၅ ပိဿာ၊ အသုတ်ဆိုင် တစ်ရက် ၂ ပိဿာပေးတယ်။ အဲဒါကို ၇၂၀၀ စျေး။အပြင်မှာလိုသလောက်က တစ်ပိသာကို တစ်သောင်းတစ်ထောင်” လို့ ဒီကနေ့မနက် ဈေးဝယ်သည့် အိမ်ရှင်မတစ်ဦးက ပြောပါတယ်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီက စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ဧပြီလ ၁၄ ရက် မှဧပြီလ၂၇ ရက်နေ့အထိ တစ် ပိဿာကို ၆,၇၇၀ ကျပ်ဟု ထုတ်ပြန်ကြေညာထားသော်လည်း ပြင်ပဈေးကွက်ထဲမှာ ပေါက်စျေးထက် မြင့်ကာ ရောင်းချမှုများရှိနေခြင်းဖြစ်ပါတယ်။
Apr 20 • 6:44 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 53 | 0 | 0 | 0 |


